တောင်ငူ  အောက်တိုဘာ   ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ (အောက်မြန်မာပြည်) ရန်ကုန်ဇုန်(၂) ပြိုင်ပွဲတွင်  တောင်ငူပညာရေးဒီဂရီကောလိပ်မှ    အောင်ပွဲရအားကစားသမားများနှင့်   ပြိုင်ပွဲဝင်အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲကို အောက်တိုဘာ ၁၉ ရက်က ကျင်းပသည်။

ဂုဏ်ပြုကြိုဆိုပွဲကျင်းပရာတွင် တောင်ငူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး   ဒေါက်တာလွင်လွင်စန်း ဦးဆောင်၍   ရန်ကုန်မြို့မှ ပြန်လာသောတောင်ငူပညာရေးဒီဂရီကောလိပ် အောင်ပွဲရအားကစားသမားများနှင့် ပြိုင်ပွဲဝင်အားကစားသမားများကို တောင်ငူပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး   ဒေါက်တာယုယုအေး၊   ဌာနကြီးမှူး ဦးနိုင်အေး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ဂုဏ်ပြုပန်းကုံးနှင့်  သပြေပန်းတို့ဖြင့်   ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း  သိရသည်။                                                       

ဇော်ကိုကို(တောင်ငူ)