ကန့်ဘလူ  ၂၁ ဖေဖော်ဝါရီ 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ ကင်းတပ်ရေလွှဲတမံမှ နွေစပါးနှင့် အခြားသီးနှံများကို တောင်သူဦးကြီးများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေများအား လက်ဝဲတူးမြောင်း၊ လက်ယာတူးမြောင်း၊ ရေဦးတူးမြောင်း၊ ရွှေဘိုတူးမြောင်း စသည့်တူးမြောင်းမကြီး များမှတစ်ဆင့် ပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေဦး)မှ သိရသည်။

 

111


"ကင်းတပ်ရေလွှဲတမံမှ ၂၀၁၈-၂၀၁၉ ခုနှစ် နွေစပါး ရာသီတွင် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က စတင်ဆည်ရေ ပေးနေပြီဖြစ်ပါတယ်။ သဖန်းဆိပ် ဆည်ရေလှောင်တမံ ရေသောက်စနစ်တွင် ပါဝင်သော ကင်းတပ်ရေလွှဲတမံ လက်ဝဲတူးမြောင်းမှ နွေစပါး ၅၀၅၀ဝ ဧက၊ လက်ယာတူးမြောင်းမှ နွေစပါး ဧက ၆၀ဝ၀ဝ နှင့် ကင်းတပ်သဲထုတ်ရေတံခါးမှ အောက်ဘက်ရှိ ကာဘိုးဆည်၊ ရေဦးတူးမြောင်း၊ ရွှေဘိုတူးမြောင်းတို့တွင် စိုက်ပျိုးမည့် နွေစပါး ဧက ၁၆၃၉၇၀၊ အခြားသီးနှံ ဧက ၈၇၂၃၀ အတွက် ဆည်ရေပေးဝေသွားမှာပါ။ သဖန်းဆိပ် ဆည်ရေသောက်မှာပါဝင်တဲ့ မြောင်းကြီး လေးမြောင်းက ယခုနှစ် နွေစပါး ဧက ၂၇၄၄၇၀ ၊ အခြားသီးနှံဧက ၈၇၂၃၀  စုစုပေါင်း ဧက ၃၆၁၇၀ဝ ကို ဆည်ရေ အလုံအလောက် ပေးဝေသွားမှာ ဖြစ်ပါတယ်" ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေဦး) ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်နိုင်က ပြောကြားသည်။

 

123


အဆိုပါ ရေပေးဝေမှုမှ ရွှေဘိုမြို့နယ်တွင် နွေစပါး ဧက ၆၀၈၀ဝ နှင့် အခြားသီးနှံ ဧက ၁၅၇၀ဝ၊ ဝက်လက်မြို့နယ်တွင် နွေစပါး ဧက ၃၀ဝ၀ဝ နှင့် အခြားသီးနှံ ဧက ၄၃၀ဝ၀ ၊ ခင်ဦးမြို့နယ်တွင် နွေစပါး ဧက ၃၅၆၇၀ နှင့် အခြားသီးနှံ ဧက ၁၁၈၃၀ ၊ တန့်ဆည်မြို့နယ်တွင် နွေစပါး ဧက ၃၂၅၀ဝ ၊ ရေဦးမြို့နယ်တွင်နွေစပါး ဧက ၃၉၀ဝ၀ နှင့် အခြားသီးနှံ ဧက ၃၀ဝ၊ဒီပဲယင်းမြို့နယ်တွင် နွေစပါး ဧက ၅၃၅၀ဝ နှင့် အခြားသီးနှံ ဧက ၁၁၀ဝ၀၊ ကန့်ဘလူမြို့နယ်တွင် နွေစပါး ဧက၂၃၀ဝ၀ နှင့်အခြားသီးနှံ ဧက ၂၀ဝ၊ အရာတော်မြို့နယ်တွင် အခြားသီးနှံ ဧက ၅၂၀ဝ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


ဒေသခံတောင်သူဦးကြီးများ နွေးစပါးနှင့် အခြားသီးနှံ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူများက မြောင်းအလိုက် ရေပေးရေး လုပ်ငန်းများကို စနစ်တကျ လိုက်လံစစ်ဆေးခြင်း၊ ဆည်ရေအသုံးချရေး အဖွဲ့များ ဖွဲ့စည်းကာ ရေလိုအပ်သည့် မြောင်းလက်တံများတွင် ရေလှည့်စနစ်များ ပြုလုပ်၍ ရေပေးဝေခြင်းတို့ဖြင့် ဒေသတွင်းစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းကာ စားနပ်ရိက္ခာ ဖူလုံရေးနှင့်တောင်သူများ၏လူမှုအကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်လာစေ
မည်ဖြစ်သည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)