ရန်ကုန်      ဒီဇင်ဘာ     ၉

ရန်ကုန်တိုင်းဒေသကြီး   တောင်ဥက္ကလာပမြို့နယ်   ပဒေသာအားကစားခန်းမအတွင်း၌ ဒီဇင်ဘာ ၇ ရက်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၃၀)နှစ်အောက် ရပ်ကွက်ပေါင်းစုံ  အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသည်။

ဗိုလ်လုပွဲတွင် အမှတ်(၉)ရပ်ကွက်အသင်းနှင့်  အမှတ်(၁၁)ရပ်ကွက်အသင်းတို့   ယှဉ်ပြိုင်ကစားကြရာ   အမှတ်(၁၁)ရပ်ကွက်အသင်းက နှစ်ပွဲနိုင်တစ်ပွဲရှုံးဖြင့် အနိုင်ရခဲ့သည်။

ထို့နောက်  ဆုချီးမြှင့်ပွဲတွင်  သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က တက်ရောက်အားပေးပြီး တောင်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး  အားကစားသမားဆု၊ အသန့်ရှင်းဆုံးအသင်းဆုနှင့် တတိယဆုအတွက် ငွေကျပ် နှစ်သိန်း၊  ဒုတိယဆုအတွက်  ငွေကျပ် လေးသိန်း ၊ ပထမဆုအတွက် ငွေကျပ် ခြောက်သိန်း၊ ဆုတံဆိပ်များနှင့် တံခွန်စိုက်ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)