၂၅ ဖေဖော်ဝါရီ
ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်မှူးမက်ဆီဟာ ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်း နဲ့အတူ စပိန်လာလီဂါ ဟက်ထရစ်သွင်းဂိုး အကြိမ် ၅၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
မက်ဆီဟာ ချန်ပီယံလိဂ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးခြောက်ဂိုးအပါအဝင် ၃၂ ပွဲမှာ ၃၃ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်လုံးမှာ ဘာစီလိုနာ အသင်းနဲ့အတူ ၅၈၅ ပွဲနဲ့ အာဂျင်တီးနားအသင်းနဲ့အတူ၆၅ ပွဲတို့ပါဝင်ကစားပေးခဲ့ရာမှာ စုစုပေါင်းသွင်းဂိုး ၆၅၀ အထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။
ဆီဗီလာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်မှာ ဆီဗီလာအသင်းဟာ ပွဲကစားချိန် ၂၄ မိနစ်မှာ နာဗက်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ပွဲကစားချိန် ၂၆ မိနစ်မှာ မက်ဆီရဲ့သွင်းဂိုးနဲ့ ဘာစီလိုနာအသင်းက ချေပဂို ပြန်လည်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဆီဗီလာအသင်းက ပွဲကစားချိန် ၄၂ မိနစ်မှာ တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာ ကြောင့် ပထမပိုင်းပွဲကစားချိန်အတွင်း ဆီဗီလာအသင်းက နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်း ဟာ ဒုတိယပိုင်းပွဲကစားချိန်အတွင်း တိုက်စစ်မှူးမက်ဆီက ၆၇ မိနစ်နဲ့ ၈၅ မိနစ်တို့မှာ နှစ်ဂိုးနဲ့ ဆွာရတ်ဇ်က မိနစ်၉၀ မှာတစ်ဂိုးသွင်းယူခဲ့တာကြောင့် လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ ဆီဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ဘာစီလိုနာအသင်းဟာလည်း တစ်ပွဲလျော့အနေ အထားကို ရောက်ရှိနေတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကို ၁၀ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ငွေကြယ်


