နေပြည်တော် ၂၈ မေ 

 


သစ်တောဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကမ်းခြေစောင့် တပ်မတော်သားများ၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်စုဝင်များနှင့် တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၁ ရက်မှ ၂၆ ရက်အတွင်း တရားမဝင်သစ်များ ရှာဖွေဖော်ထုတ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ဂဏန်းကျွန်းအနီး စက်လှေ(၃)စီးပေါ်မှ ကံ့ကော်၊ သစ်ယား၊ သပိတ်ကျောက်၊ လေသရက်၊ တောင်လန်းဖဲ စုစုပေါင်း (၇ ဒသမ ၃၄၀၈)တန်၊ လုံးပတ်(၃)ပေအောက် သစ်ယားသစ် (၁၁ ဒသမ ၅၁၁၆)တန်နှင့် ပြစ်မှုကျူးလွန်သူ (၁၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

 


ထို့ပြင် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် မန္တလေး - ပြင်ဦးလွင် (အတက်)ကားလမ်းအနီးရှိ Mitsubishi Canten (၆)ဘီးယာဉ်ပေါ်မှ၊ ပိတောက် ပန်းကန်ပြား၊ ခွက်၊ ပန်းအိုး၊ ထမင်းအုပ် စုစုပေါင်း (၃၀၃)ခု၊ ပိတောက်ခွဲသား (ဝ ဒသမ ၉၅၁၀)တန်နှင့် ပြစ်မှုကျူးလွန်သူ(၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် လှည်းကူးတာဆုံမီးပွိုင့်အနီးရှိ LIGHT TRUCK (၆)ဘီးယာဉ်ပေါ်မှ ပျဉ်းကတိုးခွဲသား (၁ ဒသမ ၂၆၃၂)တန်နှင့် ပြစ်မှုကျူးလွန်သူ (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ဒဟတ္တောရွာအနီးရှိ DONG FENG(၆)ဘီးယာဉ်ပေါ်မှ အင်ခွဲသားဆိုဒ်စုံ (၅ ဒသမ ၂၄၇၄)တန်နှင့် ပြစ်မှုကျူးလွန်သူ(၂)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

weew

 


ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ကွမ်းခြံကုန်းကျေးရွာအုပ်စုရှိ ချင်းတွင်းမြစ်အတွင်းမှ အင်ခွဲသား (၉ ဒသမ ၁၅၄၂)တန်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ ယာဉ်တစ်စီးပေါ်မှ ကျွန်းဘုတ်ပြား (၃ ဒသမ ၁၂၉၀)တန်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်းမှ  ဘောင်ဆန့်၊ တောင်သရက်သစ်လုံး/ခွဲသား (၂၉ ဒသမ ၆၄၉၀)တန်၊ ပုသိမ်ခရိုင် ပုသိမ်မြို့နယ် အနီးပတ်ဝန်းကျင်နေရာများမှ တောင်သရက်၊ ကညင်သစ်၊ ခွဲသား လုံးပတ် ၃ ပေအောက်သစ် စုစုပေါင်း (၂၄ ဒသမ ၂၆၂၆)တန်နှင့် ဘောင်ဆန့်မျော (၈၈၉)လုံး၊ ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်အတွင်းချောင်းဖျားများမှ ကညင်၊ တောင်သရက် ခွဲသား စုစုပေါင်း (၃၀ ဒသမ ၄၃၉၂)တန်၊ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်သွား ကားလမ်းအနီးမှ  ကညင်၊ စကားဝါ၊ တောဇီး၊ စကတ်၊ လောက်ယားသစ် စုစုပေါင်း (၁၂ ဒသမ ၄၀၄)တန်၊  ရှမ်းပြည်နယ် လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် အတွင်းရှိ ယာဉ်တစ်စီးပေါ်မှ ပိတောက်ခွဲသား (၄ ဒသမ ဝ၄၇၂)တန်၊ ကယားပြည်နယ် ဘောလခဲမြို့နယ်အတွင်းရှိ ယာဉ်တစ်စီးပေါ်မှ ပိတောက်ဓါးရွေ (၁ ဒသမ ၈၄၈၇)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သောသူများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 


မောင်လူမော်

 

wefewe