အောက်တိုဘာ ၁၅

ဂျပန်နိုင်ငံ တိုကျိုမြို့တော်၏ ဟာချီဂျိုဂျီမားကျွန်းကို မကြာသေးမီက ဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း နှစ်ခုကြောင့် အိမ်ခြေ ၂၀၀ ထက်မနည်းပျက်စီးခဲ့သည်။

ဟာချီဂျိုဂျီမားအပါအဝင် ပစိဖိတ်ဒေသရှိ အီဇူကျွန်းစုကို လွန်ခဲ့သည့် သီတင်းပတ်က တိုင်ဖွန်းမုန်တိုင်း ဟာလွန်ဖြတ်ကျောတိုက်ခတ်သွားသည်။ ဟာချီဂျိုမြို့ရှိ နေအိမ်အချို့ ခေါင်မိုးများပြိုကျပြီး နေအိမ်အများအပြား ပျက်စီးခဲ့သည်။

ဟာလွန်မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုကို တာဝန်ရှိသူများက အကဲဖြတ်နေချိန်တွင် အခြားတိုင်ဖွန်းမုန်တိုင်း နာကီသည် အောက်တိုဘာ ၁၃ ရက်နေ့က မြို့တွင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။

ပျက်စီးမှုအတိုင်းအတာအပြည့်အစုံကို အကဲဖြတ်ခြင်းမရှိသေးသော်လည်း အောက်တိုဘာ ၁၄ ရက်နေ့အထိ နေအိမ် ၂၂၀ ခန့် ပျက်စီးသွားသည်ဟု ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို