တိုကျို ဒီဇင်ဘာ ၂၆

 

တိုယိုတာ ကားကုမ္ပဏီက ၂၀၂၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏စက်ရုံများတွင် ကားအစီးရေ ၁၀ သန်းကျော် ထုတ်လုပ်ရန် စီစဉ်ထားသည်။

 

အဆိုပါအရေအတွက်သည် ဂျပန်မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအတွက် စံချိန်တင် မြင့်မားသည့် ပမာဏ တစ်ခုဖြစ်သည်။

 

တိုယိုတာက ယင်းထုတ်လုပ်မှု အစီအစဉ်ကို ၎င်း၏သက်ဆိုင်သည့်ကားထုတ်လုပ်ရေးစက်ရုံများထံသို့ ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်များကဆိုသည်။ ကုမ္ပဏီ၏ တစ်နှစ်တာထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်တွင် ၁၀ ဒသမ ၀၃ သန်းအထိ မြင့်တက်ခဲ့သည်။

 

တိုယိုတာက အမေရိကန်၏ အခွန်စည်းကြပ်မှုကြောင့် အပိုကုန်ကျစရိတ်များ သို့မဟုတ် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသော်လည်း အလွန်ကောင်းမွန်ပြီး မြင့်မားသောစံနှုန်းများကို ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။

 

အမေရိကန်တွင် တိုယိုတာကုမ္ပဏီ၏ ဟိုက်ဘရစ်ကားများအတွက် ခိုင်မာသော ဝယ်လိုအား ရှိနေသော်လည်း လျှပ်စစ်ကားများ၏ ဝယ်လိုအားမှာ လျော့နိုင်ဖွယ်ရှိမည်ဟု မျှော်လင့်ရသည်။ ကားအစီးရေ ၁၀ သန်းကျော် ထုတ်လုပ်မှုအစီအစဉ်တွင် ဂျပန်နိုင်ငံ၌ ၃ ဒသမ ၅ သန်း ထုတ်လုပ်မည်ဖြစ်သည်။

 

နိုင်ငံအတွင်း၌ နှစ်စဉ်ကားအစီးရေ သုံးသန်းသာ ထုတ်လုပ်လျက်ရှိသည်။ ပြည်တွင်း အလုပ်အကိုင်များနှင့် ကျွမ်းကျင်မှုများကို ကာကွယ်ထိန်းသိမ်းရန်အတွက် နှစ်စဉ်စံသတ်မှတ်ချက် သုံးသန်းထက် ကျော်လွန်ထုတ်လုပ်မည် ဖြစ်ကြောင်း တိုယိုတာက ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်