ရှန်ဟိုင်း ဒီဇင်ဘာ ၈

ရှန်ဟိုင်းမြို့ရှိ တက်စလာ၏အကြီးစားစက်ရုံသည် ဒီဇင်ဘာ ၈ ရက်တွင်  ၎င်း၏  လေးသန်းမြောက် မော်တော်ယာဉ်ကို ထုတ်လုပ်နိုင်ခဲ့ပြီး မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏  လျင်မြန်စွာ    ကြီးထွားလာသော စွမ်းအင်ကဏ္ဍသစ်နှင့်အညီ အမေရိကန်ကားထုတ်လုပ်ရေးကုမ္ပဏီက ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနက်ရှိုင်းလာစေကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

တက်စလာကုမ္ပဏီ၏  ရှန်ဟိုင်းစက်ရုံသည် အမေရိကန်ပြည်ထောင်စုပြင်ပတွင် အကြီးစားစက်ရုံတစ်ရုံဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တည်ဆောက်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။   ယင်းနှစ်ဒီဇင်ဘာလတွင် ပထမဆုံးယာဉ်ကို ထုတ်လုပ်နိုင်ခဲ့သည်။ အဆိုပါစက်ရုံသည် တက်စလာ၏ တစ်ကမ္ဘာလုံးဆိုင်ရာ ကားတင်ပို့ရောင်းချမှု၏  ထက်ဝက်နီးပါးကို   ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။

ရှန်ဟိုင်းစက်ရုံသည်  ၎င်း၏ ပထမဆုံး  ကားအစီး တစ်သန်းထုတ်လုပ်ရာတွင်  လပေါင်း  ၃၀ ကျော် ကြာမြင့်ခဲ့သော်လည်း ၁၄လ   ခန့်အတွင်း သုံးသန်းမှ လေးသန်း ထုတ်လုပ်နိုင်သည်အထိ မြင့်တက်လာခဲ့သည်။   ထို့အပြင်    အဆိုပါစက်ရုံသည်    တရုတ်ပြည်မကြီး ဈေးကွက်ကိုသာမက    ဥရောပနှင့်   အာရှ- ပစိဖိတ်ဒေသသို့   တင်ပို့ပြီး   ပြည်ပဝယ်ယူသူများကိုပါ   ဖြည့်ဆည်းပေးလျက်ရှိသည်။

အောက်တိုဘာလတွင်   ရှန်ဟိုင်းစက်ရုံသည်   ကားအစီးရေ  ၃၅၀၀၀ ကျော်   ပြည်ပသို့တင်ပို့ခဲ့ကြောင်း၊ ယင်းမှာ နှစ်နှစ်အတွင်း လစဉ်တင်ပို့သည့် အများဆုံးပမာဏဖြစ်ကြောင်း ကုမ္ပဏီက ပြောသည်။                

ဆင်ဟွာ