တကောင်း ၂၅ ဖေဖော်ဝါရီ
တကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့များပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာများ၊ အငြိမ်းစား ဆရာကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား/သူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ တကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက စာဖတ်ဝိုင်းများကျင်းပပြုလုပ်ရေးခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ခေါင်းဆောင် ဆရာကြီး ဦးညီညီက လမင်းသာသလို တကောင်းမြေစာဖတ်ဝိုင်း ခေါင်းစဉ်ဖြင့် ထပ်မံ ရှင်းလင်း ပြောကြားခဲ့ပါသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ ဝါဝါထင်လင်းရေးသားသည့် ရေများရာမှာ မိုးတွေရွာ ရသဝတ္ထုတို စာအုပ်ကို ဦးတည်ပြီး စာရေးသူ၊ ဇာတ်ကောင်၊ စာဖတ်ပရိသတ် တို့၏ အတွေး၊ အမြင် အသိများကို စုစည်းကာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ပြည်သူများနှင့်လူငယ်လူရွယ်များ စာဖတ်ဝိုင်းမှရရှိသည့် စာပေ၏အနှစ်သာရကိုသိရှိပြီး လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော် ကျင့်သုံးနိုင်ရန်နှင့် စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေရန် ယခုလိုစာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက ပြောကြားခဲ့သည်။
MDN


