တက္ကသိုလ်ဝင်စာမေးပွဲ စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ယနေ့ဖြေဆို

နေပြည်တော် ၉ မတ် 
    

တက္ကသိုလ်ဝင်စာမေးပွဲ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကို ယနေ့နံနက်ပိုင်း၌ သက်ဆိုင်ရာစာစစ်ဌာနများ၌ ဖြေဆိုကြသည်။
    

ယနေ့ဖြေဆိုသည့် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် တစ်ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် တစ်ဦး၊ ရခိုင်ပြည်နယ်တွင် တစ်ဦး စုစုပေါင်း (၃)ဦး ဖြေဆိုခဲ့ကြောင်း စာစစ်ဦးစီးဌာနမှ သိရသည်။ 


(သတင်းစဉ်)