တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဖြေဆိုသူပေါင်း ၈၅၀၈၉၀ ရှိ

နေပြည်တော် ၇ မတ် 
    

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့တွင်ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၂၁ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၈၆၅ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၈၈၆ ခုတွင် ဖြေဆိုသူပေါင်း ၈၅၀၈၉၀ ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
    

 

တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၈၅၀၈၉၀ အနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၉၇ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၁၅ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၃၅ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၈၂ ဦး (ယနေ့တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းရဲစခန်းအချုပ်မှ စာဖြေသူ ၁ ဦး တိုးလာပါသည်။) နှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၃၇ ဦးရှိကြောင်း သိရသည်။ 

 


(သတင်းစဉ်)