တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ဓာတုဗေဒဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဖြေဆိုသူပေါင်း ၇၂၅၇၀၁ ရှိ

နေပြည်တော် ၁၁ မတ်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို ယနေ့ တွင်ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၈၅၀၊ စာစစ် ဌာနစုစုပေါင်း ၁၈၇၀ တွင် ဖြေဆိုသူပေါင်း ၇၂၅၇၀၁ ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၇၂၅၇၀၁ အနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၁၁၉ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၁၁ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၀၁ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၀၅ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၁၈ ဦးရှိကြောင်း သိရသည်။

(သတင်းစဉ်)