တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ရခိုင်ပြည်နယ်မှ ၄၂၄၁၆ ဦး ဝင်ရောက်ဖြေဆို

စစ်တွေ ၆ မတ် 

 


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို မြန်မာတစ်နိုင်ငံလုံးတွင် စတင်စစ်ဆေးရာ ရခိုင်ပြည်နယ်တွင် ကျောင်းသား ကျောင်းသူ ၄၂၄၁၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ၃၁၁၈ ဦးရှိခဲ့ကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

 


ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်တွင် ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၂၁၃၂၁ ဦး၊ ကျောင်းသူ ၂၄၂၁၃ ဦး စုစုပေါင်း ၄၅၅၃၄ ဦးက စားရင်းပေးသွင်းထားပြီး ယနေ့ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၁၉၃၉၈ ဦး၊ ကျောင်းသူ ၂၃၀၁၈ ဦး စုစုပေါင်း ၄၂၄၁၆ ဦးရှိသည်။

 


ရခိုင်ပြည်နယ်တွင် စာစစ်ဌာန ၁၂၁ ဖွင့်လှစ်ပြီး ကြီးကြပ်ရေးမှူး ၁၂၉ ဦးတို့က ကြီးကြပ်စစ်ဆေးခဲ့သည်။ ယခုနှစ် တက္ကသိုလ်တန်းစာမေးပွဲအား မသမာမှု ကင်းရှင်းအောင်နှင့် အောင်ချက်ရာခိုင်နှုန်း မြင့်မားအောင် ပြည်နယ်အစိုးရ အကူအညီနှင့် ဆောင်ရွက်ထားကြောင်း ပြည်နယ်ပညာရေးမှူးက ပြောကြားထားသည်။ 

 


ရခိုင်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား ကျောင်းသူ ၄၀၁၇၉ ဦးဝင်ရောက်ဖြေ၍ ၈၆၂၀ ဦးက ဖြေဆိုအောင်မြင်ခဲ့ပြီး ဂုဏ်ထူးရဦးရေ ၁၄၂၄ ဦးရှိခဲ့သည်။

 


(ဟန်လင်းထက်)

 

ိိ