တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ဖြေဆို

နေပြည်တော်  ၁၄  မတ်

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့အဖြစ် ပထဝီဝင် ဘာသာရပ်ကို ယနေ့ဖြေဆိုကြသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် ပထဝီဝင်ဘာသာရပ်ဖြေဆိုရန် စာရင်းရှိ ကျောင်းသားကျောင်းသူ (၁၃၅၅၃၀) တွင် ဖြေဆိုသူ (၁၂၅၃၈၁)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၀၁၄၉)ဦးဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း( ၉၂ ဒသမ ၅၁)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)