တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အင်္ဂလိပ်စာဘာသာဖြေဆိုသူ ၈၅၀၈၉၀ ရှိ

နေပြည်တော် ၇ မတ် 

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ယနေ့ ဖြေဆိုကြသည်။

 

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် အင်္ဂလိပ်စာဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၉၇၉၉၄ ဦးတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၅၀၈၉၀ ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ ၄၇၁၀၄ ဦးဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း (၉၄ ဒသမ ၇၅) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)