တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သင်္ချာဘာသာဖြေဆိုသူ ၈၅၀၅၅၀ ရှိ

နေပြည်တော် ၇ မတ် 
    

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့ဖြေဆိုကြသည်။
    

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် သင်္ချာဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၉၇၉၉၄ ဦးတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၅၀၅၅၀ ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ ၄၇၄၄၄ ဦးဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း (၉၄ ဒသမ ၇၂) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)