တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဖြေဆိုသူပေါင်း ၈၅၀၅၅၀ ရှိ

နေပြည်တော် ၈ မတ် 
    

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၂၁ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၈၆၅ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၈၈၆ ခုတွင် ဖြေဆိုသူပေါင်း ၈၅၀၅၅၀ ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
    

တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၈၅၀၅၅၀ အနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၁၀၆ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၁၅ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၃၈ ဦး (ယနေ့တွင် ရခိုင်ပြည်နယ် မှစာဖြေသူ ၁ ဦးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ၂ ဦး စုစုပေါင်း ၃ ဦး တိုးပါသည်။)၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၈၂ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၃၇ ဦးရှိကြောင်း သိရသည်။ 


(သတင်းစဉ်)