ပလောက်   ၂၇  ဖေဖော်ဝါရီ     
     

၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း ပလောက်မြို့ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုကြမည့် တက္ကသိုလ်ဝင်ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်း၍ မီးလောင်မှု၊ မီးထိတ်လန့်မှုမရှိစေ ရေးအတွက် ယနေ့ ကြိုတင်စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

 

123


      

အဆိုပါစစ်ဆေးရာတွင် ပလောက်မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီများနှင့် ရာအိမ်မှူးများ ပူပေါင်း၍ စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ထားရှိသည့်စာဖြေခန်းများ အတွင်း/အပြင်၊ မီးသတ်ဆေးဘူးများစနစ်တကျထားရှိမှု ရှိ/မရှိ၊ ပတ်ဝန်းကျင်၌ မီးဘေအန္တရာယ်ကင်းရှင်းရေး  စစ်ဆေးကြရာ ပလောက်မြို့ အထက ကျောင်းအုပ်ဆရာမကြီး ကိုယ်စား ကျောင်းဆရာမတစ်ဦးက လိုက်လံရှင်းလင်းပြသပေးခဲ့ကြောင်း သိရှိရသည်။


နိုင်ဦး(ပလောက်ပြန်/ဆက်)

 

123