တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့၌ ဗဟန်းမြို့နယ်ရှိ စာစစ်ဌာန ၃ ခုတွင် ဖြေဆိုသူ ၁၆၅၁ ဦးရှိပြီး ပျက်ကွက်သူ ၇၉ ဦးရှိ

ဗဟန်း ၁၂ မတ် 

 

ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်တွင် တက္ကသိုလ်တန်းစာမေးပွဲကို ပဉ္စမနေ့အဖြစ် ရူပဗေဒ ဘာသာရပ်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။

 

ဗဟန်းမြို့နယ်တွင် စာစစ်ဌာန (၃)ခုဖြင့် စာဖြေရန်စာရင်းပေးသွင်းထားသူ (၁၇၃၀)ဦးမှ လာရောက်ဖြေဆိုသူ (၁၆၅၁)ဦးရှိ၍ ပျက်ကွက် (၇၉) ဦးရှိပြီး ဗဟန်းမြို့နယ်အနေဖြင့် စာမေးပွဲဖြေဆိုသော ကျောင်းသား/သူ စုစုပေါင်း  ၉၅.၄၃ ရခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

 

အဆိုပါစာဖြေဌာနများသို့ မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်စံနှင့် မြို့နယ်တာဝန်ရှိသူများက စာဖြေဌာန များသို့ လိုက်လံကြည်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

စာဖြေရန်လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းသွား/ကျောင်းပြန်လမ်းများ ပိတ်ဆို့မှု မရှိစေရေးအတွက် မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့/ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ ဝိုင်းဝန်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။

 

ကျော်ဆန်းမြင့်  (ပြန်/ဆက်) 

 

3122019