တက္ကသိုလ်ဝင်တန်းစာမေးပွဲလာဖြေစဉ် ကတ်မေ့ကျန်ခဲ့သည့် ကျောင်းသားအား ရဲတပ်ဖွဲ့မှကူညီပေးခဲ့သဖြင့် စာမေးပွဲအချိန်မီဖြေဆိုနိုင်

နေပြည်တော်၊ မတ် ၁၁
    

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၆ လမ်း၊ ၈၆ လမ်းထောင့်ရှိ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းတွင်  ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀ က တက္ကသိုလ်ဝင်တန်းစာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသားတစ်ဦးသည် စာမေးပွဲဖြေဆိုခွင့်ကတ် ကျန်နေခဲ့သဖြင့် ဒုတိယရဲအုပ် သန်းစိုးဦးမှ လိုက်လံပို့ဆောင်ပေးခဲ့၍ စာမေးပွဲအချိန်မီဖြေဆိုနိုင်ခဲ့ ကြောင်း သိရသည်။


(ရဲပြန်ကြား)