ငွေဆောင် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေသို့ တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလဖြစ်သော နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ပြည်တွင်း ခရီးသွားဧည့်သည် ၁၀၈၀၉ ဦး၊ ပြည်ပခရီးသွား ဧည့်သည် ၄၅၉ ဦး လာရောက်လည်ပတ်ခဲ့သည်။
တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များသည် ချစ်သူများ ကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ မြွေကျွန်း၊ ကျွန်းလျားရှည် အစရှိသည့် ကျွန်းများသို့ သွားရောက်လည်ပတ်ခြင်း၊ ငွေဆောင် ဆင်စခန်းများသို့ သွားရောက်လည်ပတ်ခြင်း၊ ငွေဆောင် Night Market နှင့် Speed Boat၊ Banana Boat စီးခြင်း၊ ရေကူးခြင်းတို့ဖြင့် အားလပ်ရက်များကို အပန်းဖြေခဲ့ကြသည်။
ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ခရီးသွား ဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်စေရေး၊ လုံခြုံမှုရှိစေရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးနှင့် ကမ်းခြေ ဈေးသည်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချစေရေး၊ ကမ်းခြေ သန့်ရှင်းသာယာ လှပရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး၊ ငွေဆောင် နယ်မြေရဲတပ်ဖွဲ့စခန်း၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်းကာ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငွေဆောင်(ပြန်/ဆက်)


