တနိုင်း  ၈   ဧပြီ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ပြည်ပမှပြန်လည်ရောက်ရှိလာသော Home Quarantine စောင့်ကြည့်သူ (၆၂) ဦးတို့အား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက အစားအစာနှင့်အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့ခဲ့သည်။


ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်ပမှ နေရပ်သို့ပြန်လည်ရောက်ရှိလာသူများကို Home Quarantine အဖြစ် (၁၄)ရက်စောင့်ကြည်ပြီး ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ အဆိုပါစောင့်ကြည့်သူ(၆၂)ဉီးတို့၏ နေအိမ်သို့သွားရောက်၍ ကိုယ်အပူချိန်များတိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးခြင်းနှင့် အသိပညာများပေးခြင်းများဆောင်ရွက်ပြီး အစာအစာနှင့် အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့ခဲ့သည်။


အဆိုပါစောင့်ကြည့်သူ(၆၂)ဉီးတို့အား တစ်ဉီးလျှင် ကြက်ဉ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၆)ထုတ်နှင့် ဆပ်ပြာခဲ(၁)ခဲစီ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ တို့မှ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)