ဩဂုတ် ၁၃

 

တန်ဇန်းနီးယားနိုင်ငံအနောက်မြောက်ပိုင်း ရှင်းယန်ဂါဒေသတွင် ရွှေတွင်းပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် သုံးဦးအား ကယ်ဆယ်ရရှိပြီး ၂၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

 

အဆိုပါမတော်တဆမှုသည် ရွှေတွင်းကိုပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်နေစဉ်အတွင်း ဩဂုတ် ၁၁ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များဦးဆောင်သော ကယ်ဆယ်ရေးအဖွဲ့များသည် အပျက်အစီးများအောက်တွင် ပိတ်မိလျက်ရှိသော တွင်းပြုပြင်ထိန်းသိမ်းမှုလုပ်ဆောင်နေသူ ၂၂ ဦးအား ရှာဖွေမှုများဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ရှင်းယန်ဂါခရိုင်အကြီးအကဲက ပြောကြားသည်။

 

တွင်းပြိုကျမှုဖြစ်ပွားပြီး ၃၂ နာရီအတွင်း သုံးဦးအား ကယ်ဆယ်ရရှိခဲ့သည်ဟု သိရသည်။ တွင်းလုပ်ငန်းအာဏာပိုင်များက ဘေးကင်းရေးဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခင်က ထိုတွင်းလုပ်ငန်းလုပ်ဆောင်မှုများကို ရပ်ဆိုင်းထားခဲ့သည်ဟု  ၎င်းကထပ်လောင်းပြောသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို