တွံတေး   ဒီဇင်ဘာ   ၉

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု ယန္တရားများအကြောင်းနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာအသိ ပညာပေးဟောပြောရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသန့်နှင့် တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးတို့က အမှာစကားများ ပြောကြားခဲ့သည်။

တက်ရောက်

ဆက်လက်၍ ရန်ကုန်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ့်လဲ့ရည်က ကျား၊ မ အခြေပြု အကြမ်းဖက်မှု၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ အကြမ်းဖက်မှု အကြောင်းအရာများ၊ လုပ်ငန်းဆောင်ရွက် နေမှုများနှင့် အမျိုးသမီးများအကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ လူကုန်ကူးမှုဥပဒေများ အကြောင်းကို ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများအား ကျား၊ မ အခြေပြု အကြမ်းဖက်မှု အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။           

မျိုးလှိုင် (တွံတေး)