နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀) နှင့်တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)ရှိ အထူးကုသမှုစင်တာတို့၌ ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး၍ မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၅

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီး (ခုတင် -၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ အထူးကုသမှုစင်တာတို့၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည် များအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး မြန်မာ့သားကောင်းအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)အား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအားလိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ဒဏ်ရာရရှိမှု၊ ရောဂါဖြစ်ပွားမှုအခြေအနေ များကို မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် ဆေးရုံများနှင့် ဆေးရုံဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ဆေးရုံတပ်မှူးများက လက်ခံ ရယူကြသည်။

အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ခုတင်-၃၀၀)သို့ သွားရောက်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ဆက်လက်၍ ဆေးရုံရှိ ထာဝရဆေးပဒေသာပင်အတွက် အလှူငွေများ လှူဒါန်းရာ ဆေးရုံတပ်မှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်)သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီးရှင်းလင်းဆောင်၌ တာဝန်ရှိသူများက အိမ်ရာတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် တည်ဆောက်လျက်ရှိမှု၊ အိမ်ရာဆောက်လုပ်ပြီးစီးမှုအပေါ် မူတည်၍ စစ်မှုထမ်းဟောင်းများအား ဦးစားပေးရွေးချယ်မှုဖြင့် နေရာချထားပေးမှုနှင့် ဆက်လက်နေရာ ချထားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများ၊ အိမ်ရာဝင်း အတွင်း သွားလာရေးအဆင်ပြေစေရန်အတွက် ကျောက်ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရေစီးရေလာကောင်းမွန်စေရေး ကျောက်စီရေမြောင်း တည်ဆောက်နေမှု၊ အိမ်ရာအနီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ ဈေး၊ ပန်းခြံ၊ အားကစားကွင်း များနှင့် ကလေးကစားကွင်းများ တည်ဆောက်ရန် မြေနေရာလျာထားမှု၊ ရေနှင့် လျှပ်စစ်မီးပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် လုံလောက်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အိမ်ရာဝင်းအတွင်းရှိ လမ်းများတွင် မိုးတွင်းကာလ ရေများတင်ကျန်မှုမရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ အိမ်ရာအတွင်း နေထိုင်ကြသူများ၏ ပညာရေး၊ ကျန်းမာရေး အပါအဝင် နေထိုင်စားသောက်မှု၊ သွားလာရေးနှင့် အခြားအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရေး စီမံဆောင်ရွက်သွားရန်၊ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာ(လေးထောင့်ကန်) တွင် နေထိုင်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေ ရေး ဆောင်ရွက်ပေးရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်းရှိ ဆောက်လုပ်ပြီးစီးသည့် အဆောက်အအုံများနှင့် စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် တိုက်ခန်းများကိုလည်းကောင်း၊ အဆိုပါ အိမ်ရာအတွင်း ဥစားကြက်များကို အလုံပိတ် အအေးပေးစနစ် (Evaporated Fully Automatic System) ဖြင့် ဥစားကြက်ကောင် ရေ ၃၅၀ စတင် မွေးမြူထားရှိမှုများ ကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အိမ်ရာအတွင်း ဖွင့်လှစ်ထားရှိသည့် မူကြိုကျောင်း၌ ကလေးငယ်များကို အာဟာရ ဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ အိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အိမ်ရာတွင် နေထိုင်လျက်ရှိသည့် စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေး စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင် များသည် မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အနီး ဘုရင့်နောင်လမ်းနှင့် အမှတ် (၇) လမ်းထောင့်နေရာတွင် တည်ဆောက်လျက် ရှိသည့်Shopping Complex လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက စီမံကိန်း အကောင်အထည် ပေါ်ပေါက်ခဲ့မှု၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းတွင်ပါဝင်သည့် အချက်အလက်များ၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QC) ဖွဲ့စည်းထားရှိမှု၊ မီးနှင့်ရေ ရရှိရေး ဆောင်ရွက်ထားရှိမှု၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရေး ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က အရည်အသွေး စစ်ဆေးရေးအဖွဲ့အနေဖြင့် အဆောက်အအုံများ စစ်ဆေးရာတွင် သဘာဝဘေးဒဏ်နှင့် ပတ်သက်၍ ခံနိုင်ရည်ရှိရန်အတွက် မျက်မြင်စစ်ဆေးခြင်း မဟုတ်ဘဲ ခံနိုင်ရည်စစ်ဆေးသည့် ခေတ်မီနည်းပညာ ကိရိယာများဖြင့် တိုင်းတာစစ်ဆေးသွားရန် လိုအပ်မှု အခြေအနေများ၊ Shopping Complex ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ကြီးမြန်သစ်ပင်များ၊ အရိပ်ရ လေကာပင်များကို ယခုကတည်းကပင် စနစ်တကျ စိုက်ပျိုးသွားနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်သွားရန်၊ စားသောက်ဆိုင်များ စွန့်ပစ်သည့် ရေဆိုးများနှင့် စားကြွင်းစားကျန်များကို စနစ်တကျစွန့်ပစ်ရေး စီမံဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားပြီး Shopping Complex ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

 သတင်းစဉ်