နေပြည်တော် ၁၄ ဖေဖော်ဝါရီ

 


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ Asahi Shimbun သတင်းဌာန၊ ရန်ကုန်ဌာနခွဲမှ အကြီးအကဲဖြစ်သူ Mr. Ryuta SOMETAYA အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

 


ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၁၈ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားအမြင်၊ လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အရေးကိစ္စများကို တပ်မတော်နှင့်အစိုးရ၏ ဖြေရှင်းဆောင်ရွက်ချက်များအပေါ် နိုင်ငံတကာမှ အမှန်အတိုင်းမသိရှိဘဲ စွပ်စွဲပြောဆိုုနေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန်အတွက် တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းမှုများပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သဘောထားအမြင်များအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 


(သတင်းစဉ်)