နေပြည်တော် ၂၇ ဖေဖော်ဝါရီ
    

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
    

 

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မကွေးတပ်နယ်ရှိ တပ်မတော်အကြီးစားစက်ရုံသို့ ရောက်ရှိပြီး စက်ရုံမှထုတ်လုပ်ခဲ့သည့် TATA Truck မော်တော်ယာဉ်များနှင့် မော်တော်ယာဉ် ထုတ်လုပ်ရန် တပ်ဆင်ထားရှိသည့် Truck Assembly Line များအားလည်းကောင်း၊ City Bus နှင့် Innlay Jeep ကား များအတွက် လိုအပ်သည့် Gear Box များထုတ်လုပ် တပ်ဆင်နေမှုအခြေအနေ များအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


    

a

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်ရုံဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး စက်ရုံဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်း၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်ရုံမှ INNLAY Jeep အတွက် Gear Box များ ထုတ်လုပ်နိုင်ခြင်းအတွက် စက်ရုံဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
    

 

ထို့နောက် မြင်းခြံတပ်နယ်ရှိ တပ်မတော်အကြီးစားစက်ရုံသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက မော်တော်ယာဉ်များအတွက် လိုအပ်သည့် Light Truck Axle ၊ Heavy Duty Truck နှင့် INNLAY  Jeep  Axle များ ထုတ်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
    

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း မော်တော်ယာဉ်များအတွက် လိုအပ်သည့် Axle များ တပ်ဆင်ထုတ် လုပ်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး စက်ရုံမှ INNLAY Jeep အတွက် Axle များထုတ်လုပ်နိုင်ခြင်းအတွက် စက်ရုံဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။


    

a

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်ရုံများရှိ ဝန်ထမ်းများအား တွေ့ဆုံအမှာ စကားပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 

(သတင်းစဉ်)