နေပြည်တော် ၂၀ ဖေဖော်ဝါရီ 

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

5522

 

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဩစတြေးလျ နှစ်နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ နှစ်ပေါင်းများစွာ သံတမန်ဆက်ဆံရေး ကောင်းမွန်ခဲ့မှု၊ ဘာသာစကားသင်တန်း၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာသင်တန်း၊ မူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သင်တန်းနှင့် ဆေးဘက်ဆိုင်ရာ သင်တန်းများ စသည့်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပညာရေး၊ စီးပွားရေးကဏ္ဍများအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဩစတြေးလျနိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အရေးကိစ္စနှင့်ပတ်သက်ပြီး အစိုးရနှင့်တပ်မတော်မှ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့မှုနှင့် ဩစတြေးလျနိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 

(သတင်းစဉ်)