နေပြည်တော် အောက်တိုဘာ ၂၂
(၆၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စားပြု အသင်းတို့သည် အောက်တိုဘာ ၂၄ ရက် ညနေ ၃ နာရီခွဲတွင် နေပြည်တော် ဇေယျာသီရိ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်ကို ယင်းနေ့ညနေ ၃နာရီ ၂၅ မိနစ်မှ စတင်၍ MRTV HD Channel၊ MRTV Sports Channelနှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
သတင်းစဉ်


