နေပြည်တော် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့ဖြင့် သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်ပေါင်း ရှစ်မြို့နယ်မှ ဒေသခံပြည်သူ ၁၂၅၇၈ ဦးအား ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အဆိုပါ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ရန်ကုန်မြို့ရှိ အမှတ်(၄) ရေတပ်ဗောတံတားသို့ ရောက်ရှိကြရာ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများကကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မအူပင်မြို့နယ်၊ ရွှေလောင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ မြောင်းမြမြို့နယ်၊ လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်တို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူစုစုပေါင်း ၁၂၅၇၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ဆောင်ရွက်ပေးနိုင်
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၇၉၉ ဦး၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၆၀၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၇၈၀၊ ကလေးရောဂါ ၇၉၉ ဦး၊ အရိုးရောဂါ ၁၉၄၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၉၀၁ ဦး၊ မျက်စိရောဂါ ၁၈၅၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၀၁ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၂၅၇၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁၀၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၅၇ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၄၂၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၈၉၇ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၀၆၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
တပ်မတော် နယ်လှည့်အထူကု ဆေးအဖွဲ့များ ပါဝင်သော တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ကြောင်းများတစ်လျှောက် ဆေးကုသရန်ခက်ခဲသောကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုခရီးစဉ်သည် အကြိမ်(၂၀)မြောက်ဖြစ်ပြီး ဒေသခံပြည်သူ စုစုပေါင်း ၁၉၈၁၄၆ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည့် ခရီးစဉ်များအတွင်း ကိုယ်ဝန်ဆောင်မိခင် ၃၂ ဦးတို့အား တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)ရှိ သားဖွားခန်း၌ အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


