ရန်ကုန် ၂၃ ဖေဖော်ဝါရီ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် တပ်မတော်မှ စစ်ရေးဆိုင်ရာ အပစ်အခတ်ရပ်စဲပေးပြီး နှစ်လအကြာအခြေအနေနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ် ရတနာသီရိ ဂေါက်ကလပ်၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီတို့က ရှင်းလင်းပြောကြားပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
(သတင်းစဉ်)


