တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က မြောက်ဥက္ကလာ၊ (၂)ဈေးမှတ်တိုင်အနီး၊ သုဓမ္မာလမ်းမကြီးပေါ်တွင် မောင်းနှင် လာသော မော်တော်ယာဉ်(၁) စီးအား မရမ်းကုန်းမြို့နယ်၊ နာဂ သိုလှောင်ရုံဝန်းအတွင်း ခေါ်ယူစစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ပုဇွန်နှစ်ကောင် ဆီ (၃၂)ဘူးနှင့် ပဲပိစပ်ဆီ (၁၁၂)ဘူး အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၃ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Portable Aircon (၂)ခု အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀) ကိုလည်းကောင်း၊ သြဂုတ် ၂၄ ရက်တွင် သီလဝါဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသော Alternator ဒိုင်နမို (၃၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၆၀၀,၀၀၀) ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၃)လုံးအတွင်းမှ သွင်းကုန်ကြေညာ လွှာတွင် ကြေညာထားခြင်းမရှိသော Fexofenadine Hydrochloride Tablet ဆေးဝါး (၂၈၃၅)ဘူး၊ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိ လာသော Metpure XL Tablet ဆေးဝါးဘူး(၁၀၈၀) ၊ Growatt Solar Inverter (၁၀)ခု အပါအဝင် ကုန်ပစ္စည်း (၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၅,၀၃၅,၃၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀,၁၃၅,၃၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၂၄ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မူဆယ်မြို့အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၄)လမ်း၊ ပြည်ထောင်စုလမ်းမကြီးဘေး တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများဖြစ်သည့် Lady Blouse Short Sleeve အထည်(၂၈၀) အပါအဝင် ကုန်ပစ္စည်း(၁၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၇၉၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၂၄ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်အတွင်းရှိ ဂိုဒေါင်နှင့်စတိုးဆိုင်များ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုဇွန်နှစ်ကောင်ဆီဘူး(၆၆၀) ၊ Red Bull အချိုရည် ဘူး(၈၄၀) ၊ Singha Beer ဘူး(၈၄၀)၊ SPY Wine Cooler ပုလင်း(၇၂၀) နှင့် Milo Nestle ဘူး (၁၄၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၆၅၀,၀၀၀)ကိုလည်းကောင်း၊ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Duro Cycle Tyre (၄၀၀)အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၉၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ သြဂုတ် ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဝေါမြို့အနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့ကရိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Wai Wai Instant Rice Vermicelli (၁၆၅)ထုပ်၊ Lactasoy Soymilk ဘူး(၁၀၀) အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၉၈,၈၅၅)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၇၉၈,၈၅၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ သြဂုတ် ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဗန်းမော်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် Blade ဓားသွား ဆူးကြိုး ကီလိုဂရမ်(၁၀၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဩဂုတ် ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၀,၈၇၉,၁၅၅)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်