တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၁၉

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး- ပြင်ဦးလွင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၇)မိုင် (၁)ဖာလုံ၌ ပိုင်ရှင်မဲ့ စုပုံထားသည့် မုန့်မျိုးစုံ (၃၀)ဖာနှင့် ပိုးသတ်ဆေး (၁၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် သြဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူစစ်ဆေးရေးဂိတ်၌ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထား သော တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်းများဖြစ်သည့် Adhesive Glue (၁၁)တိုင်ကီ၊ LED Bulb (၂၆၀၀)လုံး အပါအဝင် ကုန်ပစ္စည်း (၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၄၃၀,၀၀၀)ကိုလည်းကောင်း၊ လားရှိုးမြို့ရှောင်လမ်း တိုးဂိတ်အနီး၌ ချင်းရွှေဟော်မြို့မှ လားရှိုးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Phone LCD Display(၃၅၀၀)ခု၊Plastic Pipe Cap (၂၈၆)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၁၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၉၈၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Renult Master Mini Bus (၁)စီး၊ JMC Mini Bus (၁)စီးနှင့် Fotton Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၄,၄၁၀,၀၀၀)ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၆ ရက်တွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ ဂိုဒေါင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပဲပိစပ်ဆီ (Cooking Oil) (၄၂၆၂ ဒသမ ၅)လီတာ အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၂၁၅,၀၀၀)ကိုလည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရေပူကျေး ရွာ မီးပွိုင့်အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Cooking Oil (၁၈၀၀)လီတာ အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၃၈၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၀၀၀,၀၀၀)ကိုလည်းကောင်း၊ သြဂုတ် ၁၇ ရက်တွင် သံလွင်တံတား (ဘားအံ)ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ဘားအံမြို့မှ သထုံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Ruby Prawn စားအုန်းဆီ (၉၀၀)လီတာ၊ SPY Wine Cooler Black (၇၂၀)ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၃၇၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ISUZU ELF (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉,၉၆၉,၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဩဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၁၈၅,၇၇၉,၀၀၀)ဖြစ်ကြောင်းတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်