တရားမဝင် စက်သုံးဆီများ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၁၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၄ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က တနိုင်းမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့မှ တနိုင်းမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၃)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၃၈၇၀)ဂါလန်၊ ဓါတ်ဆီ (၂၀၇၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈,၀၇၁,၄၀၀)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel UD (၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၃,၀၇၁,၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

အလားတူ ဩဂုတ် ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက ချမ်းမြသာ စည်မြို့နယ်၊ မြို့သစ်(၁) ရပ်ကွက်၊ ၆၄ x ၆၅ လမ်းကြား၊ ၁၀၂ လမ်းရှိ Hotel Magic ရှေ့ လမ်းမပေါ်တွင် မြောက်မှ တောင်သို့ မောင်းနှင်လာသော ဆိုင်ကယ်(၁)စီးအား ရပ်တန့်စစ် ဆေးခဲ့ရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် ဖော့ဘူးနှင့် စက္ကူဂျပ်ဖာတို့အတွင်းမှ ကျန်းမာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံ တင်အမှတ် ရိုက်နှိပ်ဖော်ပြထားခြင်း မရှိသည့် Dano Injection (Tetanus Taxoid Tetanu Vaccine (၄) ဘူး အပါအဝင် ဆေးဝါး (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၆၁,၅၀၀) ကို လည်းကောင်း၊ အဆိုပါဆေးဝါးများနှင့်ဆက်စပ်သတင်းအရ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေး သာစံ အလယ်ရပ်ကွက်၊ ၂၉ လမ်း၊ ၈၃ x ၈၄ လမ်းကြားရှိ ဆေးသိုလှောင်ထားသည့် ဂိုဒေါင် အတွင်း၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  ကျန်းမာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် ရိုက်နှိပ်ဖော်ပြထားခြင်း မရှိသည့် Megra-100 Tablet (၂၂)ဘူး အပါအဝင် ဆေးဝါး (၅၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၄၈၃,၃၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈,၇၄၄,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဩဂုတ် ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၃)လုံးအတွင်းမှ သွင်းကုန်လိုင်စင် မရရှိမှုများကြောင့် သတ်မှတ်ဒဏ်ကြေးများ ပေးဆောင်နိုင်ခြင်း မရှိသည့်အတွက် ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် Lead Acid storage Batteries (၂၅၅)ခု အပါအဝင် ကုန်ပစ္စည်း (၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၅,၄၅၇,၆၃၀)ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၌ BAO SHOU 21 ရေယာဉ်မှ ကုန်တင်ယာဉ်သို့ ပြောင်းလဲ တင်ဆောင်ချိန်၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်ထားသော Chicken Ceramic Tile (၁၃၂)ချပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၆၇,၂၂၇)ကိုလည်းကောင်း၊ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း၌ တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထေား တင်ပြနိုင်ခြင်း မရှိသည့် Electric Cooker (ဒယ်နီ) (၁၂)လုံး အပါအဝင် ကုန်ပစ္စည်း(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၃၅,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀,၄၅၉,၈၅၇)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဩဂုတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၂,၂၇၆,၀၅၇)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်