တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ် ၂၁

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၈ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ သွင်းကုန်လိုင်စင်မရရှိမီ လေဆိပ်သို့ ရောက်ရှိသည့် ရက်(၆၁)ရက် ကျော်လွန်နေသည့် Parts Of Gis Insulating Sheath (၂၇၄၀)ခု၊ Parts Of Gis Terminal For BG (၁)ခု၊ Brand New Goods Nameplates (၁)ခု အပါအဝင် ကုန်ပစ္စည်း(၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၃၉၄,၅၆၀) ကိုလည်းကောင်း၊ မရမ်း‌ချောင် အမြဲတမ်းစစ်ဆေးရေးစခန်းအနီး ရန်ကုန်-မြဝတီပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင် (၉၈)မိုင် (၄)ဖာလုံသစ်ဆိမ့်ပင်လမ်းခွဲ၌ ရပ်တန့်ထားသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားမပါရှိသည့် Wai Wai Instant Rice Vermicelli အထုပ်(၅၄၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ,၆၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Toyota Hilux (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်-မြဝတီ ပြည်ထောင်စု လမ်းမကြီးမိုင်တိုင် (၉)မိုင် (၄)ဖာလုံ၌ ရပ်တန့်ထားသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား မပါရှိသည့် Gaysorn Vegetable Cooking Oil (၄၈၆)လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ,၆,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇,၀၀၀,၀၀၀) ကိုလည်းကောင်း၊ သြဂုတ် ၁၉ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနောင်ဆိုင်းကျေးရွာမှ နမ့်အွမ်ကျေးရွာ ရှောင်ကွင်းလမ်းတစ်နေရာတွင် ပိုင်ရှင်မဲ့စုပုံထားသော အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် Professional Nail Lamp (၁၉)ခု၊ ဒူးရင်းသီးမုန့် ကီလိုဂရမ်(၁၄၀) အပါအဝင် ကုန်ပစ္စည်း (၁၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၂၄၅,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၁,၉၀၉,၅၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အပြင် သြဂုတ် ၁၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ရှောင်လမ်း၊ ကျားကလေး-ဇာသပြင်-မော်လမြိုင်ကားလမ်းပေါ်၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Wai Wai ကြာဇံထုပ် (၂၄၀၀၀) အပါအဝင် ကုန်ပစ္စည်း(၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၈၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger (၁)စီးနှင့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၀၀၀,၀၀၀)ကို လည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ အာရှလမ်းရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့(၇၆)ဖာ အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၂,၄၀၀) ကိုလည်းကောင်း၊ မြဝတီမြို့အမှတ်(၅)ရပ်ကွက်၊ ပတ္တမြားဓာတ်ဆီဆိုင်အနီးရှိ ဂိုဒေါင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်တစ်ကောင်တံဆိပ် စားဆီ (၂၄)ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၉,၆၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅,၅၁၂,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ သြဂုတ် ၁၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့မှ တောင်ကြီးမြို့အထွက် ကျိုင်းဖောင်းရွာအနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Bamboo Tissue (၁၂၀၀၀)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ,၆၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၈,၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၈)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၆,၀၂၁,၅၆၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)