တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၄

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဇူလိုင် ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက ရွှေသံလွင်တိုးဂိတ်အနီး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Owl Offline UPS (၃၀၀)ခု အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁,၆၁၄,၁၅၂)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MAN Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁,၆၁၄,၁၅၂)ကို ဖမ်းဆီးရ မိခဲ့ပြီး အ‌ကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အပြင် ဇူလိုင် ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မန္တလေး-လားရှိုးကားလမ်း၊ မိုင်တိုင်အမှတ် (၂၃)မိုင် (၆)ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ အကောက်ခွန်မဲ့ပစ္စည်းများ တွေ့ရှိရသဖြင့် မန္တလေးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင် ခဲ့ပြီး အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Lion Head Food Colour (၂၇၀၀)ကီလိုဂရမ်၊ Castor Oil (၁၃၃၀)ကီလိုဂရမ်၊ BK Rechargeable Battery (၁၀၀)လုံး၊ LED Mini Flat Light (၁၈၀)ခု အပါအဝင် ကုန်ပစ္စည်း (၂၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄,၃၀၉,၇၂၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head (၁)စီး၊ Tongya Semi Trailer နောက်တွဲယာဉ်(၁)တွဲ၊ Dong Feng Tractor Head (၁)စီးနှင့် Yu Chang Semi Trailer နောက်တွဲ ယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈,၃၀၉,၇၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး အ‌ကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် ဇူလိုင် ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျောက်စိမ်းဟု ယူဆရသော ပုတီးလည်ဆွဲဆိုဒ်စုံ (၁၈၀)ခု အပါအဝင် ကုန်ပစ္စည်း (၂၉,၈၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Toyota Mark II (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄,၈၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အ‌ကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇူလိုင် ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၈၄,၇၇၃,၈၇၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆော င်ကော်မတီမှ သိရသည်။

(သတင်းစဉ်)