တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၂၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေ ၁၇ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၃)လုံး အတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Sacchromyces Boulard Food Supplement (၄၆၀ ဒသမ ၆)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၉၉၂,၇၃၂)ကို လည်းကောင်း၊ Jotun Interior & Exterior Putty ကီလိုဂရမ်(၁၀၀၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၅၅၂,၀၀၀)ကိုလည်းကောင်း၊ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် PVC Edge Bonding ကီလိုဂရမ်(၂၇၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ်၃,၉၆၉,၀၀၀)ကို လည်းကောင်း၊ မေ ၁၈ ရက်တွင် MITT ဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် SDMDG Brand New Electric Goods (၈၁၅)ခု အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၂၄၃,၅၃၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေး ရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Super Lotus Slipper (၄၀၀၀)ရန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၄၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်း မရှိသည့် Multi Vitamins And Minerals Basic Nutrition (၁၈၉)ကီလိုဂရမ် အပါအဝင် Food Supplement (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၉၀၄,၈၈၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၆၂,၁၄၂) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ မေ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကလေးမြို့၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကလေးမြို့နယ်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Toyota Mark II မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က အမှတ်(၂)လမ်းမကြီး၊ ရွာသာကြီး တိုးဂိတ်အနီး၌ မြဝတီ-ဘားအံ-ရန်ကုန်လမ်းကြောင်းအတိုင်း ရန်ကုန်သို့မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးအားစိစစ်၍ ထောက်ပံ့ရေးနှင့်ပို့ဆောင်‌ရေးဌာနခွဲသို့ ပို့ဆောင်ပြီး အသေး စိတ် စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Mitsushit Electric Frying Pan (၁၂၀)အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၃၁,၆၁၉)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Hino Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစု‌ပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၃၁,၆၁၉)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဝေါမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့က သတင်းအရ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် (၂)စီးအား ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ စိစစ်၍ ပဲခူးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ ခေါ်ယူပြီး အသေးစိတ်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အ ထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိသည့်Wai Wai Instant Rice Vermicelli (၂၀၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ကိုလည်းကောင်း၊ Growing More Transform Soil အထုပ် (၄၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၅၀၀,၀၀၀)ကို လည်းကောင်း၊ Fudo Cake ဖာ(၂၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၅,၀၀၀)ကိုလည်းကောင်း၊ YM Coffee Gold ဖာ(၄၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀)ကိုလည်းကောင်း၊ Used Refrigerator (၁၅)ခု အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ကားမိုးကာ (၆၂၄)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၃၆၀,၀၀၀)ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor မော်တော်ယာဉ် (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉,၈၀၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မေ ၁၈ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Ai Zhuo အိပ်ယာခင်း (၁၀)စုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၆၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၂)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၂၆၀,၅၇၈,၇၆၁)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်