တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၉

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ လားရှိုးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီး အား စိစစ်၍ မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်ပြီး အသေးစိတ် စစ်ဆေးခဲ့ရာ တရားဝင်တင်ပို့ခွင့် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် သစ်ခွပင်(၄၅)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Hino Truck မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ မြေပဲဆံ (၁၄၈၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၁၀,၀၀၀)ကို လည်းကောင်း၊ ကြက်သွန်နီ (၂၁၂၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၇၅,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၄၈၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ‌အကောက်ခွန်အဖွဲ့များက မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေ ၆ ရက်တွင် မော်လမြိုင် မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Lactasoy Milk ဖာ(၃၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၆၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Hyundai Bus မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀) ကို လည်းကောင်း၊ မေ ၇ ရက်တွင် မြဝတီမြို့မှ ရန်ကုန် မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်တွင် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုသယ်ဆောင်လာ သည့် Bagori Polymets ကီလိုဂရမ်(၇၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၁၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Volvo Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၆,၆၆၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေလ ၇ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေတရားမဝင် ကုန်သွယ်မှုတို က်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးမြို့နယ်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က လယ်ဝေးမြို့နယ်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် သစ်မျိုးစုံ (၂ ဒသမ ၃၂၉၂)တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၆၃,၀၄၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ် (၇၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ထားဝယ်)မှ ရဲအုပ် ဦးစီးသော ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့အတွင်း လှည့်ကင်းစစ်ဆေး ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ ဆန်းချီရပ်ကွက်၊ (၇)လမ်းမီးပွိုင့်အနီး၌ ရပ်တန့်ထားသော တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ မပါရှိသည့် Toyota Wish မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ကိုဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉,၃၀၈,၀၄၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်