တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်း၊ လူသုံးကုန်ပစ္စည်းများ၊ စကျင်ကျောက်ထွက်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၆ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဘားအံမြို့၊ ကမော့ကစင်ကျေးရွာ အနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၂)စီးပေါ်မှသွင်းကုန်ကြေညာလွှာတွင်ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် PE Slipper ဖိနပ် အရံ (၂၅၅၀)၊ Lady Sandalဖိနပ်အရံ (၇၀၀) ၊Laminated Down Table အလုံး(၃၀၀) အပါအဝင် ကုန်ပစ္စည်း(၂၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၁၃၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၂,၁၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၆ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့၊ နောင်နွန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် (၁)လက်မ ဆင်ရုပ် အကြမ်းထည်(စကျင်ကျောက်) အခု (၄၄၀) အပါအဝင် ကုန်ပစ္စည်း(၇)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၈၂၆,၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၈၂၆,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ သြဂုတ် ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Flying Horse Electric Pan Cooker (၉၆)ခု အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၉၃,၀၆၁)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉,၁၉၃,၀၆၁) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၆ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောက်မြို့၊ အမှတ်(၄)ရပ်ကွက်၌ တရားမဝင် ရေနံစိမ်း ဂါလံ (၃၅၀)နှင့် ဆက်စပ်ပစ္စည်းများ၊ လိုင်စင်မဲ့ Hyundai Starex မော်တော်ယာဉ်(၁)စီး၊ Sporter Dayan၊ Shayan နှင့် Yinxing မော်တော်ဆိုင်ကယ် (၃)စီး အပါအဝင် လုပ်ငန်းသုံးပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၈၂၁,၂၀၀)ကိုပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးအက် ဥပဒေ အရ လည်းကောင်း၊ နတ်မောက်မြို့နယ်၊ မြို့မကွက်သစ် ရပ်ကွက်၌ တရားမဝင်သစ်မျိုးစုံ (၀ ဒသမ ၆၃၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၈၄၂)နှင့် အောင်လံမြို့နယ်၊ မြို့ဝင်သံလမ်းဂိတ်အနီး၌ တရားမဝင် သစ် လက်ပံခွဲသား (၀ ဒသမ ၈၅၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၅၈၄)၊ အဆိုပါသစ်များ တင်ဆောင် လာသည့် ခေါင်းနီထွန်စက်(၁)စီး (၁,၄၀၀,၀၀၀)တို့ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၃၂၅,၆၂၆)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ သြဂုတ်လ ၆ ရက်နေ့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၅,၄၇၅,၁၈၇)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်