တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပွင့်ဖြူမြို့နယ်၊ ကြီးအုံ-ကြီးဝ တမံ (၈)မိုင်ခွဲလမ်း၊ ကျွဲတံခါးကြိုးပြင် ကာကွယ်တော အနီး၌ တရားမဝင် သစ်မျိုးစုံ (၀ ဒသမ ၅၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀,၀၀၀)နှင့် ပွင့်ဖြူမြို့နယ်၊ သက်တော်ရှည်ရပ်ကွက်၌ တရားမဝင် သစ်မျိုးစုံ (၂ ဒသမ ၇၈၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၉,၇၀၀) တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ မင်းဘူး (စကု)မြို့နယ်၊ ကျောက်ပယ်ကျေးရွာ၊ ကျောက်ပယ်-မင်းဘူးကားလမ်းအနီး၌ မော်တော်ယာဉ် (၁)စီး ပေါ်မှ တရားမဝင်ရေနံစိမ်း(၉၁၂)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၃၆,၀၀၀)နှင့် အဆိုပါ ရေနံစိမ်းများ တင်ဆောင်လာသည့် SKAT မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး‌ငွေကျပ် ၁၈,၀၀၀,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရေလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၁၁၅,၇၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သြဂုတ် ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့က အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ (၂)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Pigment Powder Coating ကီလိုဂရမ် (၄၇၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၈၅၀,၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၂၈ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြေနီကုန်းမီးပွိုင့်အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် AFM Smoked Chicken Sausage (၂၅)အိတ်နှင့် AFM Smoked Crispy Skin Vienna Chicken Sausage  Cheese Filling (၂၅)အိတ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၂၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Voxy (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့၊ ကမော့ကစင် စုပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Hair Clipper (၄၃၀)၊ Photo Paper ကီလိုဂရမ် (၁၀၀၀) ၊ LED Head Lamp အခု(၇၀၀၀)၊ LED Bulb အလုံး(၃၀၀၀)၊ Rice Cooker(၂၃၂)ခု၊ Portable Power Station အခု(၇၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၈၂၉,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂,၀၇၉,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဩဂုတ် ၂၅ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀,၀၄၅,၁၀၀)ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်