မကွေး ၂၆ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သရက်ခရိုင် ရဲတပ်ဖွဲ့နယ်မြေအတွင်း အထောက်အထားမဲ့ ခိုးဝင်သူများအား ဖမ်းဆီးရာတွင် ပါဝင်သည့် တပ်ဖွဲ့ဝင် (၆၀)၊ ပူးပါင်းပါဝင် ကူညီပေးခဲ့သည့် ပြည်သူ(၄၆)ဦး၊ စုစုပေါင်း(၁၀၆)ဦးတို့အား ဆုချီးမြှင့်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးနှင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်လတ်တို့က အထောက်အထားမဲ့ ခိုးဝင်သူများအား ဖမ်းဆီးရာတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ တပ်ဖွဲ့ဝင်များကိုယ်စား သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမောင်မောင်ဇော်၊ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်း၊ မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်တို့မှလည်းကောင်း၊ ပြည်သူများကိုယ်စား ရေနံမကျေးရွာနေ ဦးလွင်မျိုးပါ (၃)ဦးတို့မှလည်းကောင်း ဆုများလက်ခံကြသည်။
အေအေတီ


