အောက်တိုဘာ ၂၂

ဆွစ်ဇာလန်ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် တရုတ်ခရီးသွားများ ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ထားပြီး စျေးကွက်ရှာဖွေရေးလှုပ်ရှားမှုအသစ်များသည် ဆောင်းရာသီအားကစားနှင့် တစ်ဦးချင်းခရီးသွားအတွေ့အကြုံများကို အာရုံစိုက်လျက်ရှိကြောင်း အကြီးတန်းအမှုဆောင် တစ်ဦးက အောက်တိုဘာ ၂၀ ရက်က ပြောကြားခဲ့သည်။

၂၀၂၅ နှစ်ကုန်တွင် တရုတ်ဧည့်သည်များ ဆွစ်ဇာလန်နိုင်ငံသို့ ညအိပ်တည်းခိုသူ ၁ ဒသမ ၂ မှ ၁ ဒသမ ၃ သန်းခန့် မျှော်မှန်းထားကြောင်း ဆွစ်ဇာလန်ခရီးသွားလုပ်ငန်းရှိ Greater China မှ ဒါရိုက်တာက သတင်းထောက်များကို ပြောကြားသည်။

တရုတ်ခရီးသွားများသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် ခရီးသွားများ ဦးစားပေးပြောင်းလဲလာကြောင်း မှတ်ချက်ပြုခဲ့ပြီး အဖွဲ့လိုက်ခရီးစဉ်ကြီးများမှ အမှီအခိုကင်းသော စိတ်ကြိုက် ခရီးသွားလာမှုသို့ သိသိသာသာ ပြောင်းလဲလာကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

 ဇူးရစ်မြို့တွင် ဆွစ်ဇာလန်ခရီးသွားလုပ်ငန်းရုံးချုပ်တည်ရှိပြီး  နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် ရုံးခွဲပေါင်း ၃၆ ခု ဖွင့်လှစ်ထားကာ တရုတ်နိုင်ငံတွင် ၁၉၉၈ ခုနှစ်ကတည်းက ရောက်ရှိသည်ဟု သိရသည်။

ဆွစ်ဇာလန်ခရီးသွားလုပ်ငန်းသည် နှင်းအားကစားဝါသနာရှင် ၃၀၀ နီးပါးအတွက် ဆွစ်ဇာလန်ဆောင်းရာသီပွဲတော်ကို လာမည့်သီတင်းပတ်၌ ရှန်ဟိုင်းတွင် ၎င်း၏ဆောင်းရာသီလှုပ်ရှားမှုကို စတင်မည်ဖြစ်သည်။ တရုတ်နှစ်သစ်ကူး အထူးလှုပ်ရှားမှုကိုလည်း လာမည့်ဇန်နဝါရီလတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို