စက်တင်ဘာ ၂၆
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှမ်းစီ ပြည်နယ်တွင် ကျောက်မီးသွေးတွင်း မတော်တဆမှုကြောင့် လူသုံးဦး ပိတ်မိနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
ဇင်ပင်းခရိုင် အန်ကောင်းမြို့တွင် မြေအောက်ဉမင်လိုဏ်ခေါင်း တစ်စိတ်တစ်ဒေသပြိုကျမှု ယမန်နေ့က ညနေ ၃ နာရီ ၃၀ မိနစ်ခန့်ကဖြစ်ပွားခဲ့သည်။
အဆိုပါပြိုကျမှုဖြစ်ပွားချိန်က ထိုနေရာတွင် အလုပ်သမားရှစ်ဦး ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းတို့အနက် ငါးဦးသည် ဘေးကင်းလွတ်မြောက်သွားကြောင်း ခရိုင်အာဏာပိုင်များက ပြောကြားသည်။
၁၉၉၈ ခုနှစ်က တည်ဆောက်ခဲ့သော မိုင်းတွင်းသည် ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ၂၀၂၄ ခုနှစ် မတ်လမှ စတင်ကာ ပြုပြင်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုပြိုကျမှုတွင် အပျက်အစီး ၅၀၀ ကုဗမီတာခန့် ပါဝင်ကြောင်း ပဏာမ ဆုံးဖြတ်ချက်များအရ သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသော်လည်း မိုးရွာသွန်းမှုသည် ကယ်ဆယ်ရေးလုပ်ငန်းကို ခက်ခဲစေသည်ဟု အာဏာပိုင်များက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


