ပေကျင်း နိုဝင်ဘာ ၂၅
တရုတ်နိုင်ငံသည် နိုင်ငံအနောက်မြောက်ပိုင်း ဂျူကွမ်းဂြိုဟ်တုလွှတ်တင် ရေးစင်တာမှ ရှန်ကျို့-၂၂ အာကာသယာဉ်တစ်စင်းကို နိုဝင်ဘာ ၂၅ ရက် က လွှတ်တင်ခဲ့သည်။ တရုတ်နိုင်ငံ၏ လူလိုက်ပါသည့် အာကာသအစီအစဉ်တွင် ပထမဆုံး အရေးပေါ်လွှတ်တင်ရေးမစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အာကာသယာဉ်သည် ဒုံးပျံမှ လမ်းကြောင်းခွဲထွက်ပြီး သတ်မှတ်ထားသည့် အာကာသပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။ တရုတ်နိုင်ငံ၏ လူလိုက်ပါသည့်အာကာသအေဂျင်စီက အာကာသယာဉ်လွှတ်တင်ရေးအစီအစဉ် အောင်မြင်ကြောင်း ကြေညာခဲ့သည်။
ဆင်ဟွာ


