ပေကျင်း အောက်တိုဘာ ၁၈
တရုတ်နိုင်ငံ၏ အာတိတ်သမုဒ္ဒရာကိုဖြတ်၍ ဥရောပသို့သွားရောက်သည့် ပထမဆုံး ကွန်တိန်နာတင် သင်္ဘောခရီးစဉ် အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်တိန်နာတင်သင်္ဘောသည် စက်တင်ဘာ ၂၃ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်းကျဲ့ကျန်း ပြည်နယ်မှ ထွက်ခွာခဲ့ပြီး အာတိတ်လမ်းကြောင်းကို ဖြတ်ကျော်ကာ အောက်တိုဘာ ၁၄ ရက်တွင် အင်္ဂလန်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့သည်။
တရုတ်နိုင်ငံမှ ကွန်တိန်နာသင်္ဘောတစ်စင်း အာတိတ်ပင်လယ်ကိုဖြတ်၍ ဥရောပသို့ ပထမဆုံး အကြိမ် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများက ပြောကြားခဲ့သည်။
သမားရိုးကျ တရုတ်-ဥရောပ လမ်းကြောင်းများသည် အရှေ့အလယ်ပိုင်းရှိ စူးအက်တူးမြောင်းမှ တစ်ဆင့် ရက်ပေါင်း ၄၀ ခန့် ကြာမြင့် ပြီး ရထားလမ်းကြောင်းဖြင့် ၂၅ ရက်ခန့် ကြာမြင့်သည်။
ယခုအာတိတ်လမ်းကြောင်းသည် ရက် ၂၀ ခန့်သာကြာမြင့်သည့်အတွက် ခရီးစဉ်၏ကြာချိန်ကို သိသိသာသာ လျှော့ချနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ ကွန်တိန်နာသင်္ဘောသည် ဂျာမနီ၊ ပိုလန်နှင့် နယ်သာလန်ရှိ ဆိပ်ကမ်းများတွင် ဆိုက်ကပ် ရပ်နားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်ကို တီထွင်ခြင်းဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေး ပွတ်တိုက်မှုများကြားတွင် ဥရောပနှင့် ကုန်သွယ်မှုကို ချဲ့ထွင်ရန် ကြိုးပမ်းဖွယ်ရှ ိကြောင်း စောင့်ကြည့်လေ့လာသူများက ပြောကြားသည်။
အလားတူ “ဝင်ရိုးစွန်းပိုးလမ်းမ” ဟုခေါ်သော အာတိတ်သမုဒ္ဒရာလမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး ကို မြှင့်တင်ဆောင်ရွက်ရန် ပေကျင်းက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


