ဒီဇင်ဘာ ၁၁

တရုတ်နိုင်ငံ၏ မော်တော်ကားလုပ်ငန်းသည် ယခုနှစ် ပထမ ၁၁ လအတွင်း မော်တော်ကားထုတ်လုပ်မှုနှင့် ရောင်းအား နှစ်မျိုးစလုံးသည် ၃၁ သန်းကျော်ရှိသောကြောင့် ကောင်းမွန်တိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ယနေ့ ဖော်ပြသောတရားဝင်အချက်အလက်များအရ သိရသည်။

ဇန်နဝါရီမှ နိုဝင်ဘာအတွင်း တရုတ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုသည် ၃၁ ဒသမ ၂၃ သန်းကျော်ရှိိရာ ယခင်နှစ်ကထက် ၁၁ ဒသမ ၉ ရာခိုင်နှုန်း တိုးလာကြောင်းနှင့် မော်တော်ကားရောင်းချမှု  အစီးရေ ၃၁ ဒသမ ၁၃ သန်းနီးပါးရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၁ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်း၏ အချက်အလက်များအရ သိရသည်။

ထိုကာလအတွင်း တရုတ်နိုင်ငံ၏ မော်တော်ယာဉ်များ ထုတ်လုပ်မှုနှင့် ရောင်းအား ၁၄ ဒသမ ၉၀၇ သန်းနှင့် ၁၄ ဒသမ ၇၈ သန်း အသီးသီးရှိခဲ့ပြီး ယခင်နှစ်ထက် ၃၁ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၃၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း  ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို