စက်တင်ဘာ ၉
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ Wenchang အာကာသယာဉ် လွှတ်တင်သည့်နေရာမှ အဝေးထိန်း အာရုံခံ ဂြိုဟ်တုအသစ်ကို ယနေ့တွင် လွှတ်တင်ခဲ့သည်။
ပြုပြင်မွမ်းမံထားသော Long March-7 သယ်ဆောင်သည့် ဒုံးပျံပေါ်တွင် Yaogan-45 ဂြိုလ်တုအား နံနက် ၁၀ နာရီ (ပေကျင်းစံတော်ချိန်) က လွှတ်တင်ခဲ့ရာ ကြိုတင်သတ်မှတ်ထားသော ဂြိုလ်ပတ်လမ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်သည်ဟု သိရသည်။
၎င်းကို သိပ္ပံနည်းကျစမ်းသပ်မှုများ၊ မြေသယံဇာတစစ်တမ်းများ၊ သီးနှံအထွက်နှုန်း ခန့်မှန်းချက်များနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အဓိကအားဖြင့် အသုံးပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုလွှတ်တင်မှုသည် Long March ဒုံးပျံစီးရီး၏ ၅၉၄ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင် ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


