ပေကျင်း ဒီဇင်ဘာ ၉
တရုတ်နိုင်ငံသည် လောင်းမာ့ချ်-၄ ဘီ သယ်ဆောင်ရေးဒုံးပျံကို အသုံးပြု၍ Yaogan-47 အမည်ရှိ ဂြိုဟ်တုသစ်တစ်စင်းကို ဒီဇင်ဘာ ၉ ရက်တွင် အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ အဝေးထိန်းအာရုံခံဂြိုဟ်တုကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တု လွှတ်တင်ရေး စင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ ၄၁ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်သတ်မှတ်ထားသော ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းဂြိုဟ်တုကို အမျိုးသား မြေယာတိုင်းတာရေးလုပ်ငန်းများ၊ မြို့ပြစီမံကိန်းရေးဆွဲခြင်း လုပ်ငန်းများ၊ လမ်းကွန်ရက်ဒီဇိုင်းဆွဲခြင်းလုပ်ငန်းများ၊ သီးနှံအထွက်နှုန်း ခန့်မှန်းခြင်း၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု၊ ဘေးအန္တရာယ်ကာကွယ် ရေးနှင့် လျှော့ချရေးလုပ်ငန်းများတွင် အဓိကထား အသုံးပြုသွားဖွယ်ရှိသည်။ Yaogan-47 ဂြိုဟ်တုလွှတ်တင်မှုမှာ လောင်းမာ့ချ်သယ်ဆောင်ရေးဒုံးပျံများ၏ (၆၁၄)ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


