ဘစ်ရှ်ကက် ဒီဇင်ဘာ ၁၆
ကာဂျစ်စတန်နိုင်ငံသည် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဒီဇင်ဘာ ၁၄ ရက်တွင် ထပ်မံလက်ခံရရှိခဲ့ကြောင်း ကာဂျစ်စတန်နိုင်ငံ၏မြို့တော် ဘစ်ရှ်ကက်ရှိ တရုတ်သံရုံးက ယနေ့တွင် ပြောကြားသည်။
လွှဲပြောင်းပေး
အဆိုပါ တရုတ်နိုင်ငံမှလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လွှဲပြောင်းပေး အပ်မှု အခမ်းအနားကို မာနက်စ်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ ကာဂျစ်စတန် နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဒူဒီဝန်နှင့် ကာဂျစ်စတန်ဝန်ကြီးများအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ အီဒဲလ်ဘိုင်ဆာလော့ဗ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကာဂျစ်စတန်နိုင်ငံသည် တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရောက်ရှိလာခဲ့ပြီးနောက် မတ် ၂၉ ရက်တွင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို စတင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကာဂျစ်စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ စုစုပေါင်း ၁၁၆၅၂၀၄ ဦးရှိကြောင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူစုစုပေါင်း ၉၄၇၃၉၉ ဦးရှိကြောင်း ကာဂျစ်စတန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်


