ပေကျင်း  ဩဂုတ်  ၂၆

တရုတ်နိုင်ငံသည် (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်း ၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား (အီးဗွီ)  အားသွင်းကွန်ရက်ကို တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၂၆ ရက်တွင် ပြောသည်။

အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲဖြစ်သူ ဝမ်ဟုန်ကျိ က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အကြီးဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်နေသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စနစ်ကိုလည်း တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။                                                                  

ဆင်ဟွာ